Friday, January 20, 2017

Ben-Hur (2016)မြန်မာစာတန်းထိုး

Ben-Hur (2016)မြန်မာစာတန်းထိုး

ရေရှုခရစ်တော် သက်ရှိထင်ရှားရှိစဉ်အချိန်တုန်းက
ရောမအင်ပါယာကအလွန်ကြီးများကျယ်ပြန့်ပြီး
အင်ပါယာလက်အောက်က လူတွေကတော့
အကြောက်တရားတွေနဲ့အသက်ရှင်နေရတယ်။
ဂျေရုဆလင် က ဂျူးမင်းသား ဂျူဒက်ဘန် နဲ့ ရောမတယောက်ဖြစ်တဲ့
မာဆာလာဆီးဗားရက်စ် ဟာ ညီအကိုသဖွယ်ချစ်ခင်ကြတဲ့သူတွေဖြစ်ကြတယ်..။
မာဆာလာဆီးဗားရက်စ် ရဲ့အဖိုးဟာ ရောမစစ်သူရဲတဦးဖြစ်ပြီး
ရောမဘုရင်ကို ဆန့်ကျင်လို့အပြစ်ပေးခံရတဲ့အခါမှာ
အစွန့်ပစ်ခံကလေးတယောက်ဖြစ်သွားတဲ့ မာဆာလာ ဆီးဗားရက်စ် ကို
 ဂျူဒက်ဘန်တို့ မိသားစုက မွေးစားသားအဖြစ်လက်ခံပြီး
 ဂျူဒက် နဲ့ ညီရင်းတမျှ မွေးမြူခဲ့ကြတယ်..။
တီဇာ ဟာ ဂျူဒက် ရဲ့ညီမတယောက်ဖြစ်ပြီး
မာဆာလာ နဲ့ လူငယ်သဘာဝ ချစ်သူတွေဖြစ်ကြတယ်။
ဒါကို ဂျူဒက်က သဘောတူပေမယ့် ဂျူဒက်ရဲ့အမေကတော့
ရောမသားတယောက်ဖြစ်တဲ့ မာဆာလာ နဲ့
 သမီးဖြစ်သူတီဇာ ကို သဘောမတူပါဘူး။
ဒီကိစ္စကြောင့်ပဲ တညမှာတော့ မာဆာလာ ဟာရောမဘုရင်ရဲ့
စစ်ထဲ ၀င်ဖို့ ဂျူဒက်ဘန် တို့မိသားစုကို စွန့်ခွာသွားခဲ့တယ်။
နှစ်အတန်ကြာတဲ့ အခါမှာတော့ မာဆာလာ ဟာရောမစစ်တပ်
နဲ့အတူ ဂျေရုဆလင် ကိုပြန်ရောက်လာခဲ့တယ်..။
ဂျူဒက်နဲ့ ပြန်တွေ့ကြပြီး အရာအားလုံးဟာ အရင်ကအတိုင်း
ချစ်ချစ်ခင်ခင် မိသားစုဝင်တွေလို ပြန်ဆုံကြတယ်..။
အဲဒီအချိန်မှာပဲ ရောမစစ်ခေါင်းဆောင်တယောက်ဖြစ်တဲ့
ပွန်ရှက်ပိုင်လိတ် ဟာ သူစစ်တပ်နဲ့အတူ ဂျေရုဆလင်ကိုဖြတ်ဖို့ဖြစ်လာတယ်။
ရောမဆန့်ကျင်သူဂျူးသူပုန်တွေ နဲ့ ထိတ်တိုက်ရင်ဆိုင်မှုမဖြစ်ရအောင်
မာဆာလာ က ဂျူဒက် နဲ့ဆွေးနွေးခဲ့တယ်။
ဂျူဒက်ကလည်း သဘောတူခဲ့တယ်။
ဒါပေမယ့် ရောမတပ်နဲ့ ပွန်ရှက်ပိုင်လိတ် ဂျေရုဆလင်ကို
ရောက်တဲ့နေ့မှာ ပွန်ရှက်ပိုင်လိတ် ကိုမြားနဲ့လုပ်ကြံမှုဖြစ်ပေါ်တယ်။
အဲဒါ ကတော့ ဂျူဒက်တို့ အိမ်ကနေဖြစ်ခဲ့တာမို့
တမိသားစုလုံး အဖမ်းခံရပြီး ဂျူဒက် ကို သင်္ဘောကျွန်အဖြစ်
ပင်လယ်ထဲ ပို့ခံရပြီး။
ဂျူဒက်ဟာ ပင်လယ်ထဲမှာ သင်္ဘောကျွန်အဖြစ် ၅ နှစ်ကြာတဲ့အခါ
သင်္ဘောပျက်ပြီး လွတ်မြောက်ခဲ့တယ်။
အာဖရိက မြင်းရထားပြိုင်တဲ့ သူတွေနဲ့တွေ့ပြီး
ဂျေရုဆလင် ပြန်လည်ခြေချနိုင်ခဲ့တယ်..။
အမေ နဲ့ ညီမ ကိုနောက်ဆုံးစုံစမ်းလို့ ရသွားပေမယ် ပျော်ရွင်ဖွယ်တော့မဖြစ်ခဲ့
အာဖရိကန်ကြီး ရဲ့ အကြံပေးမှုကြောင့် ဂုဏ်သိက္ခာနဲ့ အပြစ်တွေဆေးကြောဖို့
ရောမ ရဲ့ အကောင်းဆုံး မြင်းရထားသူရဲကောင်းဖြစ်တဲ့
မာဆာလာ နဲ့ မြင်းရထားပြိုင်ဖို့ စိန်ခေါ်ခဲ့တယ်...
နောက်ဆုံး ညီရင်းအကို သဖွယ်ချစ်ကြတဲ့ သူနှစ်ယောက်
သူသေကိုယ်သေ ဘယ်လိုယှဉ်ပြိုင်ခဲ့ကြတယ်ဆိုတာရယ်..
ရေရှုခရစ်တော်အကြောင်းကိုပါ တွေ့ထိရမယ့် ဇာတ်ကားကောင်းပါ..

ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။





 ကျေးဇူးတင်ပါတယ် 

Thursday, January 19, 2017

The Magnificent Seven (2016)မြန်မာစာတန်းထိုး


The Magnificent Seven (2016)မြန်မာစာတန်းထိုး

1980 ခုနှစ်လောက်က The Magnificent Seven ဆိုတဲ့နာမည်နဲ့
Director John Sturges ကရိုက်ကူးခဲ့ပြီး အလွန်အောင်မြင်ခဲ့တဲ့ဇာတ်ကားဖြစ်ခဲ့ပါတယ်။
အခု ဒီဇာတ်ကားက 1980 တုန်းကထွက်ခဲ့တဲ့ ဇာတ်ကားကိုပဲ
Director Antoine Fuqua ကနေတစ်ဖန် ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ..။
ဇာတ်လမ်းကတော့....
လက်နက်ကိုင်အကြမ်းဖက်သမားတွေရန်ကနေ
Rose Creek မြို့လေးကိုကာကွယ်ဖို့ ရောက်လာတဲ့
ကြေးစားသေနတ်သမား လူစွမ်းကောင်း(၇)ယောက်ဟာ...
အကြမ်းဖက်သမားတွေကို တကယ်တန်းရင်ဆိုင်တွေ့တဲ့အခါမှာတော့...
အခကြေးငွေကြောင့်မဟုတ်တော့ပဲ
ဒီမြို့လေးနဲ့ လူတွေအပေါ် တကယ့်စိတ်ရင်းနဲ့ အသက်ပေးကာကွယ်သွားတဲ့...
သူသေကိုယ်သေရင်ဆိုင်ရတဲ့အခါမှာတော့...
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။




 ကျေးဇူးတင်ပါတယ် 

Wednesday, January 18, 2017

KickBoxer: Vengeance (2016) မြန်မာစာတန်းထိုး

KickBoxer: Vengeance (2016) မြန်မာစာတန်းထိုး

၁၉၈၉ လောက်တုန်း Van Damme ကို နာမည်ကျော်စေခဲ့ တဲ့ 
Kickboxer ဇာတ်ကားကို ဆန်းသစ်ရိုက်ကူး ထားတာဖြစ်ပြီး
အဲဒီခေတ်တုန်းက မှီ ခဲ့တဲ့ ပရိသတ်တွေကတော့ သိပြီးသားဖြစ်မှာပါ။
ဒီဇာတ်ကားမှာလည်း Van Damme ကိုယ်တိုင် ပါဝင်ထားပြီး
Master Durand အဖြစ်ပါဝင် သရုပ် ဆောင်ထားတာမို့
Van Damme ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ်ထင်ပါတယ်။
ဇာတ်လမ်းကတော့.....
ဗင်းနစ် မှာနေထိုင်တဲ့ Eric Sloane နဲ့ Kurt Sloane ဆိုတဲ့ညီအကိုနှစ်ယောက်ဟာ
ကိုယ်ခံပညာ ကျွမ်းကျင်သူတွေဖြစ်ပြီးတော့ Eric က ကရာတေး ကမ္ဘာ့ချန်ပီယံဆု ရရှိထားပါတယ်။
ပွဲစီစဉ်သူတွေက အဲရစ်ကိုထိုင်းဘက်မှာ သွားပြိုင်ဖို့ သွေးဆောင်တာကို
ညီဖြစ်တဲ့ Kurt  အတန်တန်တားနေတဲ့ကြားက Eric ကသွားဖို့ လက်ခံခဲ့တယ်။
ထိုင်းကိုရောက်တဲ့အခါ Eric နဲ့ မွေ့ထိုင်းချန်ပီယံ Tong Po တို့
တရားမ၀င် လက်ဝှေ့ပွဲတစ်ခုမှာ ယှဉ်ပြိုင်တိုက်ခိုက်ကြရင်း Eric သေဆုံးသွားခဲ့ပါတယ်။
တရားမ၀င်လက်ဝှေ့ပွဲဆိုတာ ပြိုင်ပွဲထဲရောက်လာသူဟာ
ကိုယ်မသတ်နိုင်ရင် သူသတ်တာခံရတဲ သူသေကိုယ်သေပြိုင်ပွဲမျိုးဖြစ်တယ်။
အဲဒါနဲ့ အစ်ကို့အတွက် လက်တုံ့ပြန်ချင်တဲ့ Kurt ဟာ
သူ့ အစ်ကိုရဲ့ ဆရာဖြစ်တဲ့ Master Durand  (Van Damme) ကို
ရှာဖွေပြီး Tong Po နဲ့ လက်ရည်ယှဉ်နိုင်ဖို့အတွက် ကြိုးစားပါတယ်။
Kurt  တယောက် Master Durand  (Van Damme) ဆီမှာ
ရေကုန်ရေခန်း လေ့ကျင့်မှုတွေလုပ်ပြီး Tong Po နဲ့တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ပါတယ်။
((Kurt နေရာမှာ အရင်တုန်း က Van Damme သရုပ်ဆောင်ထားတာ နဲ့
အခုဇာတ်ကားကသရုပ်ဆောင် နဲ့က ပုံစံမတူပေမယ့်လည်း
မတူညီတဲ့ ရသတစ်ခုစီနဲ့ ပရိသတ်ကိုဆွဲ ဆောင်နိုင်လိမ့်ဦးမယ်လို့ထင်ပါတယ်))
Kurt ဘယ်လောက်ပဲ လေ့ကျင့်လေ့ကျင့် တကယ်တန်း မွေ့ထိုင်းလက်ဝှေ့သမားကြီး
Tong Po နဲ့ ကြိုးဝိုင်းထဲမှာ သူသေကိုယ်သေရင်ဆိုင်ရတဲ့အခါမှာတော့...





 ကျေးဇူးတင်ပါတယ် 

Miss Peregrine's Home for Peculiar Children (2016)မြန်မာစာတန်းထိုး

Miss Peregrine's Home for Peculiar Children (2016)မြန်မာစာတန်းထိုး

IMDb မှာ Rating: 6.8/10  ရရှိထားသလို
Box Office ရဲ့ ဝင်ငွေအများဆုံးနံပါတ်တစ်နေရာရရှိခဲ့တဲ့ဇာတ်ကားလေးပါ။
ဇာတ်လမ်းကတော့.....
Jake Portmen ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ
 စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကလို ဘယ်လိုမှမဖြစ်နိုင်တဲ့
အံ့သြထိတ်လန့်စရာ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတဲ့
တကယ်အစစ်အမှန်ဘဝလို့ထင်ရတဲ့
စိတ်နယ်လွန်လောကထဲကို ရောက်သွားတဲ့ဇာတ်လမ်းပါ။
သူဟာ ထူးဆန်းတဲ့စွမ်းအားတွေရှိတဲ့ ဆယ်ကျော်သက်အရွယ်
ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပြီး အဲဒီကောင်မလေး ရဲ့
အိမ်ကို ရောက်ရှိသွားကာ တစ်မူထူးခြားပြီး
မနှစ်မြို့ချင်စရာကောင်းလှတဲ့ ကလေးငယ်လေးတွေနဲ့ ဆုံတွေ့ခဲ့ရပါတယ်။
အဲဒီအိမ်ကြီးထဲရောက်သွားတဲ့ Jake ဟာ သူ့အတွက် အန္တရာယ်တွေ
ပိုပိုပြီး ကြုံလာရတဲ့အခါ သူ ဘယ်လို ပြန်လည်ခုခံကျော်လွှားမလဲဆိုတာကတော့...
မြင်နေတွေ့နေကျ အထူးပြုလုပ်ချက်တွေကနေ ခွဲထွက်ထားသလို၊
ဆန်းသစ်တဲ့ အတွေးအခေါ်နဲ့ ထူးထူးဆန်းဆန်းကိစ္စတွေကို
ဒီဇာတ်ကားထဲမှာ မြင်တွေ့နိုင်ပါတယ်။
စတင်ပြီး ရုံတင်ချိန် စက်တင်ဘာ ၃၀ ကစလို့ ဒီနေ့အထိ
စုစုပေါင်းဝင်ငွေ 285.2 million USD အထိ ရရှိခဲ့တဲ့
ဒီ Miss Peregrine’s Home for Peculiar Children ကို
မကြည့်ရသေးရင် ကြည့် ကြည့်ပါလို့ တိုက်တွန်းပါရစေ...


 ကျေးဇူးတင်ပါတယ် 

Friday, January 13, 2017

Fifty Shades of Grey (2015)မြန်မာစာတန်းထိုး


Fifty Shades of Grey (2015)မြန်မာစာတန်းထိုး

လင့်သေသွားတဲ့ ရုပ်ရှင်တွေထဲကနေ ပြန်လည်တောင်းဆိုသူများတဲ့
ဇာတ်ကားဟောင်းလေးကို ပြန်တင်ပေးလိုက်ပါတယ်..။
Fifty Shades of Grey ဟာ ၂၀၁၅ ခုနှစ်ရဲ့ လူပြောအများဆုံး ဇာတ်ကားဖြစ်ပါတယ်။
 ရုံမတင်ခင်ကတည်းက စောင့်ကြည့်ဖို့ အားတင်းထားကြသူတွေ
 များပြားလှတဲ့ဒီဇာတ်ကားဟာ တကယ်တမ်း ရုံတင်ခဲ့တဲ့အခါမှာလည်း အောင်မြင်ခဲ့ပါတယ်။
 စံချိန်ပေါင်းမြောက်များစွာကို ချိုးဖျက်နိုင်ခဲ့ပြီး တဟုန်ထိုးအောင်မြင်ခဲ့ပါတယ်။
 ဝေဖန်ရေးဆရာတွေ မှိုချိုးမျှစ်ချိုးပြောနေပေမယ့်
သူ့ရဲ့ဝင်ငွေကလဲ စံချိန်တင်ခဲ့ပါတယ်..။
နောက်ဆက်တွဲ  Fifty Shades Darker (2017) ကို ဖေဖော်ဝါရီလထဲမှာ ရုံတင်ဖို့ရှိပါတယ်။
ဒီဇာတ်ကားဟာ လိင်အသားပေးဇာတ်ကားဖြစ်ပြီး
 ဗြိတိသျှစာရေးဆရာ E. L. James ရဲ့ 2011 တုန်းကထွက်ခဲ့တဲ့
 Fifty Shades Of Grey ဆိုတဲ့ စာမျက်နှာငါးရာကျော်တဲ့
 စာအုပ်ကို ဇာတ်လမ်းချုံ့ကာ ရိုက်ကူးထားတာဖြစ်ပါတယ်။
စာအုပ်ဟာ လိင်အသားပေးစာအုပ်ဖြစ်ပြီး
မထွက်ခင်ကတည်းက အတိုက်အခံတွေ များခဲ့တာပါ။
 ပုံနှိပ်ထုတ်ဝေဖို့ ဝေဖန်မှုတွေ ပြင်းထန်တာကြောင့် e-book အနေနဲ့ စတင်ဖြန့်ချိခဲ့ပါတယ်။
လူကြိုက်များကာ ဖတ်ရှုသူများပြားလွန်းတာကြောင့်
 မဖြစ်ဖြစ်တဲ့နည်းနဲ့ ပုံနှိပ်ဖို့ ကြိုးစားကြပါတယ်။
 ပရိသတ်က စာအုပ်အဖြစ်ထုတ်ဖို့ ဝိုင်းတောင်းဆိုကြပါပြီ။
 (သူတို့တွေတောင်မှ e-book ဖတ်ရတာထက် စာအုပ်နဲ့ဖတ်ရတာကိုသာ ပိုနှစ်သက်ကြတာပါ။)
စာအုပ်တွေရိုက်ရလွန်းလို့ စာရွက်ထုတ်ပေးတဲ့ ဒေဝါလီခံခါနီး စက္ကူစက်ရုံတစ်ရုံဟာ
အဲဒိစာအုပ်ကြောင့် ပြန်လည်လည်ပတ်သွားကာ ပိုင်ရှင်တောင် သန်းကြွယ်သူဌေးဖြစ်သွားပါတယ်။
အဲဒီနောက် Volume II နဲ့ III ကို ဆက်လက်ထုတ်ဝေပါတယ်။
အခုဆိုရင် စီးရီးတစ်ခုလုံးကို ဘာသာပေါင်း ၅၂ ဘာသာကို ဘာသာပြန်ဆို ထုတ်ဝေခဲ့ပြီးပါပြီ။
 အုပ်ရေပေါင်း သန်း ၁၀၀ ကျော် ရောင်းချခဲ့ပြီးပါပြီ။
 အမေရိကန်နဲ့အင်္ဂလန်မှာ အရောင်းရဆုံး Best-Seller စာရင်းကို အမြန်ဆုံးတက်လှမ်းနိုင်ခဲ့ပါတယ်။
 သို့ပေမယ့် လိင်အသားပေးဖြစ်ကာ ဖတ်ရင်းဖတ်ရင်း
 တလှိမ့်လှိမ့်ကြွတက်လာအောင် ရေးသားထားတာဖြစ်လို့ ဝိုင်းပြီးတော့ ဝေဖန်ခံနေရဆဲပါပဲ။
အမေရိကန်နိုင်ငံက စုံတွဲတစ်တွဲမှာဆိုရင် ကောင်လေးဖြစ်သူက
ကောင်မလေးကို အဲဒိစာအုပ်ထဲက ပုံစံတွေအတိုင်း လိင်ဆက်ဆံကြရအောင် ပူဆာပါတယ်။
 ကောင်မလေးက ငြင်းလိုက်တာကြောင့် ကောင်လေးက ကောင်မလေးကို သတ်ပစ်လိုက်ပါတယ်။
 စာအုပ်က အဲသလောက်ထိတောင် လွှမ်းမိုးသွားပါပြီ။
ဗြိတိသျှက လင်မယားနှစ်ယောက်မှာလည်း အဲသလိုလုပ်ကြဖို့
 မိန်းမကတောင်းဆိုတာကို ယောက်ျားဖြစ်သူက ငြင်းလို့ မိန်းမက ကွာရှင်းလိုက်ပါတယ်။
 လိင်စိတ်မူမမှန်ဘူးလို့တောင် သူ့မိန်းမက စွပ်စွဲခဲ့ပါသေးတယ်။
ငယ်ရွယ်တဲ့လင်မယားနှစ်ဦးမှာ ကောင်လေးဖြစ်သူက ဒီစာအုပ်ကို
အခြေခံထားတဲ့ လိင်ဂိမ်းကို ဆော့ကစားနေရင်း
 စိတ်ပြောင်းလဲကာ မိန်းမဖြစ်သူကို သတ်ပစ်လိုက်ပါတယ်။
 ကောင်မလေးကို နိုင်လွန်ကြိုးတွေနဲ့ တုပ်ပြီး
 ကျောက်သင်ပုန်းညွှန်တံနဲ့ ၁၂၃ ချက် ရိုက်ထားတာ တွေ့ရပါတယ်။
အမျိုးသားတစ်ဦးက သူ့အမျိုးသမီးကို
အဲဒီစာအုပ်ဖတ်နေတာတွေ့လို့ မျက်နှာကို အချဉ်ရည်နဲ့ ပက်ပစ်ပါတယ်။
 အမျိုးသမီးကလည်း စာအုပ်ဖတ်ကာ ကောင်းကောင်းမဖတ်ဘဲ လိင်ဆက်ဆံတဲ့အခန်းတွေ၊
 စာပိုဒ်တွေကို အသံအကျယ်ကြီးထွက်ဖတ်ခဲ့တာပါ။
အဲဒီအတွက် အဲဒိအမျိုးသား အဖမ်းခံလိုက်ရပါတယ်။
Geisha Ball လို့ခေါ်တဲ့ စအိုထဲထည့် ဘောလုံးကြိုးလေးတွေဟာ
 စာအုပ်ဖြန့်ချိပြီးတဲ့နောက်မှာ အဆ ၄၀၀ ကျော် ရောင်းအားခုန်တက်သွားပါတယ်။
 နယူးယောက်မြို့ကဆိုင်တစ်ဆိုင်မှာ အရင်ကထက် အဲဒိဘောလုံးကြိုးတွေ
 ရောင်းအား ၁၀ ဆ တက်သွားပါတယ်။
ဗဟုသုတအနေနဲ့ ပြောပြရရင် အဲဒိ Geisha Ball လေးတွေကို
Burmese bells (မြန်မာခေါင်းလောင်းလေး)တွေလို့ ခေါ်ပါသေးတယ်။
စာကြည့်တိုက်တွေမှာရှိတဲ့ Fifty Shades Of Grey စာအုပ်တွေမှာ
 လိင်ကတစ်ဆင့်ကူးဆက်တတ်တဲ့ ရောဂါပိုးတွေ တွေ့ရပါတယ်။
 (ဖတ်တဲ့သူတွေက ဖတ်ရင်း သူတို့အင်္ဂါနဲ့ စာအုပ်ကို ထိပေးလိုက်လို့လား မသိပါဘူး)။
 နောက်ပြီး စာရွက်တွေကြားထဲမှာ ကိုကင်းတွေလည်း တွေ့ရပါတယ်။
တိုက်ခိုက်တဲ့အဖွဲ့အစည်းတွေကလည်း စာအုပ်တွေကို စုပုံမီးရှို့ရအာင်
 သူတို့ဆီ လာလှူကြဖို့ မေတ္တာရပ်ခံပါတယ်။
ပထမဆုံးရလာတဲ့ စာအုပ် ၂၄ အုပ်ကို recycle လုပ်ကာ အိမ်သာသုံးစက္ကူလုပ်ပစ်ပါတယ်။
ဒီလောက်ထိ လူပြောများတဲ့ စာအုပ်ကို ဇာတ်ကားအဖြစ်ရိုက်ကူးရာမှာလည်း ပီပြင်ပြောင်မြောက်ခဲ့ပါတယ်။
 မင်းသားက ဇာတ်လမ်းအတွက် ပြင်ဆင်တဲ့အနေနဲ့ စင်ပေါ်မှာ
ယောက်ျားနဲ့မိန်းမဆက်ဆံတာကို စင်အောက်ကနေ ဘီယာလေးသောက်ပြီး
အရသာခံကြည့်ရတဲ့ ကလပ်မျိုးကို ညတိုင်းသွားပြီး လေ့လာခဲ့ပါတယ်။
ချစ်ခန်းကြိုက်ခန်းရိုက်ရာမှာ မင်းသမီးနဲ့မင်းသား အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အတွက်
ရိုက်ကူးရေးအဖွဲ့သားတွေက အဝေးမှာနေကာ zoom ဆွဲပြီး ရိုက်ကူးခဲ့ပါတယ်။
မကြာခင် နံပါတ်(၂) လည်းထွက်လာတော့မှာပါ။
ဒီလိုမျိုးရေးတင်ပေးလို့ တစ်မျိုးမထင်ကြပါနဲ့။
 ဇာတ်လမ်းက ဘယ်လိုဇာတ်လမ်းလဲလို့ ကွှန်တော် မရေးပြထားပါ။
 spoiler လည်း မဖြစ်တော့ပါ။ ဇာတ်လမ်းကတော့ ပညာပေးဇာတ်လမ်းပါ။
 ကြည့်သင့်တယ်လို့ထင်တဲ့အတွက် တင်ပေးတာပါ။
 ဗဟုသုတလည်းရ၊ ရှောင်ရန်လေးတွေလည်း သိသွားတာပေါ့။
 ကိုယ့်ချစ်သူကို အလိုလိုက်တဲ့ မိန်းကလေးတွေကို အဓိကရည်ရွယ်ပါတယ်။
ကျွန်တော်ကြည့်ပြီးသွားပါပြီခင်ဗျာ။ အန္တရာယ်သိပ်မရှိပါဘူး။
စာအုပ်တုန်းကလို လူပြောများလောက်စရာလဲမရှိပါဘူး..။
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။


 ကျေးဇူးတင်ပါတယ် 
 
 
အညွန်းကို Movie Locos မှကိုးကားဖော်ပြပေးလိုက်ပါတယ်..။

Non-Stop (2014) မြန်မာစာတန်းထိုး


Non-Stop (2014) မြန်မာစာတန်းထိုး

မင်းသားကြီး Liam Neeson  ရဲ့ 2014 မှာကမ္ဘာကျော်ခဲ့တဲ့ ဇာတ်ကားပါ..
ကျနော့်ဆိုဒ်ထဲမှာ ဇာတ်ကားတော်များများက download 
လင့်တွေ copyright ညှိလို့ပျက်သွားတဲ့ ဇာတ်ကားတွေထဲက
ရာသီဥတုအေးအေးနဲ့ အငြိမ်ကြည့်လို့ကောင်းတဲ့ဇာတ်ကားကိုပြန်တင်ပေးလိုက်ပါတယ်။
ဇာတ်လမ်းကတော့.. Bill Marks အဖြစ် သရုပ်ဆောင်တဲ့ Liam Neeson ဟာ
 လေယာဉ်ပေါ်မှာသေနတ်ကိုင်ခွင့်ရတဲ့ လုံခြုံရေးအရာရှိအဖြစ် သရုပ်ဆောင်ပါတယ်..
ခရီးစဉ်တခုမှာ သူမသိတဲ့ လူတယောက်က  ဘဏ်အကောင့်တစ်ခုပေးပြီး
 ဒေါ်လာသန်း ၁၅၀ တောင်းကာ သူတောင်းတဲ့အတိုင်းမပေးရင် မိနစ်နှစ်ဆယ် တိုင်း
 လူတစ်ယောက် သတ်မယ်လို့ ခြိမ်းခြောက်လာပါတယ်..
တကယ်လည်း သူပြောတဲ့အတိုင်းဖြစ်အောင် လုပ်ယူသလို၊
 Bill Marks ကပဲ လေယာဉ်ကို ပြန်ပေးဆွဲ သယောင် ထင်မှားအောင်
 video မှတ်တမ်းရိုက်ပြီး မီဒီယာတွေဆီကို ပို့ပါတယ်
တကမ္ဘာလုံးက Bill Marks ကိုပြန်ပေးသမားအဖြစ်
ပုံဖေါ်ပါတယ်..လေယာဉ်ပေါ်မှာလည်း လူတယောက်ပြီး တယောက်သေနေပြီ..
လေယာဉ်ပေါ်မှာ ဗုံးပါ ပါတဲ့ အခြေအနေမျိုးကနေ စိတ်ဝင်စားဖွယ်
ပုံဖေါ်ထားဇာတ်ကားကောင်း တကားမို့ ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ
ကိုယ်တိုင်သာ ကြည့်ရှုခံစားကြကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်..

ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။


 ကျေးဇူးတင်ပါတယ် 

Thursday, December 15, 2016

League of Gods (2016)မြန်မာစာတန်းထိုး


League of Gods (2016)မြန်မာစာတန်းထိုး

Action, Fantasy အမျိုးအစားဖြစ်ပြီး
 Jet Li,(ဂျက်လီ)နှင့် Bingbing Fan, Zhang Wen တို့ပါဝင်တဲ့ တရုပ်သိုင်းကားပါ..။
နောက်ဆက်တွဲ ထွက်ရှိလာဦးမယ့် ဇာတ်ကားပါ..
အထွေအထူးတော့ မိတ်ဆက်မပေးတော့ပါဘူး။
YouTube တင်တာ Copyright ညိုနေလို့
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။


 ကျေးဇူးတင်ပါတယ် 

Wednesday, December 14, 2016

The Perfect Weapon (2016)မြန်မာစာတန်းထိုး


The Perfect Weapon (2016)မြန်မာစာတန်းထိုး

 Action, Sci-Fi အမျိုးအစားဖြစ်ပြီး...
မင်းသားကြီး  Steven Seagal ရဲ့ဇာတ်ကားမို့
အညွန်းမပေးတော့ပါဘူး...
မကြည့်ရသေးတဲ့ သူတွေအတွက်ရည်ရွယ်ပါသည်..။
ဒီဇာတ်ကားကို ကျနော့်ညီလေး အေးချမ်း မှ
ဗမာပြည်ကနေ တင်ပေးထားတာပါ..။
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။


 ကျေးဇူးတင်ပါတယ်